အပြာ မင်းသားလုပ်ဖို့ ဆန္ဒာရှိရင် အလုပ်ရှိပါတယ်
အလုပ်မရှိလို့ စိတ်ညစ်နေသလား ဒါမှမဟုတ် ရှိတဲ့အလုပ်ကနေ ထွက်ချင်ပေမယ့် နောက်ထပ်အလုပ်တစ်ခုကလည်း အသင့်မရှိနေတဲ့ အနေအထားမျိုးဖြစ်နေသလား။ နောက်ပြီး ဒီစာဖတ်သူက ယောကျာင်္းလေး ဖြစ်နေပါသလား။ ဒီမေးခွန်းတွေ ဖြေပြီးရင်တော့ သင့်အတွက် အကောင်းဆုံးအလုပ်တစ်ခု ရှိနေပါတယ်။
ကျွန်တော် မိတ်ဆက်ပေးချင်တဲ့ အလုပ်ကတော့ ဂျပန်အပြာမင်းသားအလုပ်ဖြစ်ပါတယ်။ မျက်လုံးနည်းနည်းပြူးသွားမယ်လို့ ထင်ပါတယ်။ Shimiken အမည်ရှိတဲ့ ဂျပန်နိုင်ငံရဲ့ နာမည်အကျော်အကြာဆုံး အပြာကားမင်းသားကြီးကနေ ကာမတာဝန် ထမ်းဆောင်ချင်သူ အမျိုးသားများကို ဂျပန်နိုင်ငံမှာ အသည်းအသန် ရှာဖွေနေလျက်ရှိတယ်လို့ သူရဲ့တွစ်တာစာမျက်နှာကနေ ရေးသားဖော်ပြသွားခဲ့ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဂျပန်နိုင်ငံကိုသွားပြီး အပြာမင်းသားလုပ်ဖို့အတွက် လျှောက်လွှာသွားတင်ထားမယ်ဆို အင်တာဗျုးဖြေစရာမလိုပဲ အလုပ်တန်းခန့်မယ့် သဘောတောင်ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ ဂျပန်နိုင်ငံအတွင်း အပြာဇာတ်ကား ရိုက်ကူးနေကြတဲ့ အပြာမင်းသမီးပေါင်းဟာ တစ်သောင်းနီးပါးလောက်ရှိနေပြီး အပြာမင်းသားကတော့ ခုနှစ်ဆယ်ဝန်းကျင်လောက်ပဲ ရှိနေတာကြောင့်ဖြစ်ပါတယ်။
ဂျပန်နိုင်ငံအတွင်းမှာ လစဉ်လတိုင်း ပုရိဿတွေ စွဲမက်လေ့ရှိတဲ့ အပြာဇာတ်ကားပေါင်း လေးထောင်ခန့်လောက် ရိုက်ကူးတင်ဆက်နေတာကြောင့် သူတို့အတွက် မင်းသားဦးရေက ဒီထက်မကကို လိုအပ်နေတာဖြစ်ပါတယ်။ ဒါကို Shimiken က သူတို့မှာရှိတဲ့ အပြာမင်းသားဦးရေဟာ မျိုးတုံးလုနီးဖြစ်နေတဲ့ ဘင်္ဂလားကျားအရေအတွက်ထက်ကို လျော့နည်းနေပါကြောင်း တင်စားပြောဆိုထားပါသေးတယ်။ Shimiken ကိုယ်တိုင်လည်း လွန်ခဲ့တဲ့ ၁၉နှစ်အတွင်းမှာ အပြာမင်းသမီးပေါင်း ၇၅၀၀နီးပါးနဲ့ အပြာဇာတ်ကားတွေ ရိုက်ကူးခဲ့ရတယ်လို့ဆိုပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဒီအလုပ်ကိုစိတ်ဝင်စားတယ်ဆို ဂျပန်နိုင်ငံကို အမြန်ဆုံးသွားရောက်သင့်ပါတယ်ခင်ဗျာ။


Post a Comment